ကျွန်တော်လူတစ်ယောက်နဲ့ မနေ့ ကစကားပြောဖြစ်တယ်...မတွေ့ တာလဲ ကြာပါပြီ...သူလဲ ခေတ်လူငယ်တစ်ယောက်ပါပဲ..Facebook
အကောင့်လဲရှိပါတယ်..။ ဒါပေမယ့်
အိမ်စီးပွားရေးအရ အချိန်ပြည့်မသုံးနိုင်ဘူးပေါ့...ဆင်းရဲလို
့မဟုတ်ဘူးနော်..နေနိုင်ထိုင်နိုင်တဲ့
အဆင့်မှာရှိတယ်...ကျွန်တော်ပြောချင်တာက
သူနဲ့ စကားပြောဖြစ်တော့ သူက ကျွန်တော့်ကို ဘာတွေလုပ်နေသလဲပေါ့ မတွေ
့တာလဲကြာပြီဆိုပြီးမေးတော့ ကျွန်တော်လည်း အမျိုးသားရေး လှုပ်ရှားမှုတွေ
ကျွန်တော် နယ်တွေ ရွာတွေကို သွားတဲ့အကြောင်း အာဘောင်အာရင်းသန်သန်နဲ
့ပြောဖြစ်တာပေါ့ဗျာ။ ဒီမှာ သူဆီက ထွက်လာသမျှအသံကြားရတာကတော့ ခက်တယ်ဗျာ...ဒါတွေလုပ်ဖို့ အများကြီးကြိုးစားရဦးမယ်..ဆိုတဲ့ စိတ်ပျက်အားလျှော့ စစ်မရောက်ခင်
မြှားကုန်တဲ့ အသံနဲ့ ချည်း ပြေနေတော့တာကိုး...ဒီတော့ ကျွန်တော်မေးတယ်..မင်း
Facebook မသုံးဘူးလား သတင်းတွေမကြည့်ဘူးလားလို့ မေးတော့ မသုံးတာကြာပြီတဲ့။
ကျွန်တော် ပြောတာအရှိန်တန့်သွားတယ်...နောက်အတွေးတစ်ခုဝင်လာတယ်။ လူငယ်ပီပီ အိမ်အတွက်
တစ်ဖက်တစ်လမ်းက စီးပွားကူရှာတာ မှန်ပါတယ်။ အားလဲပေးပါတယ်။ ဒါပေမယ့် ဒီလို
လူငယ်တစ်ယောက်က အခက်အခဲတစ်ခုကို ပြောရုံရှိသေးတယ်..စိတ်ပျက်အားလျှော့နေတယ်ဆိုတော့ မခက်ပေဘူးလား။
အမျိုးသားရေးအလုပ်မှမဟုတ်ပါဘူး နယ်ပယ်အသီးသီးမှာ ထိုးနှက်မှုတွေဆိုတာ
ရှိနေမှာပဲ။ ဒါကို ရှောင်နေရင် ကျဆုံးသွားမှာပေါ့။ အခက်အခဲအတားအဆီးတွေရှိမှ
အောင်မြင်မှုဆိုတာရမှာလေ။ ဒီမှာ ဆရာတစ်ယောက်ပြောတာ သတိသွားရလိုက်တယ်.."
ရန်သူမရှိတဲ့သူက အသုံးမကျသူတဲ့ သူက ဘာကိုဆိုလိုတာလဲဆိုတော့ ဘယ်သူမှ
အမြင်မတူနိုင်ဘူး...အဲလို အမြင်မတူတာကိုညှိရင်း သဘောထားမတိုက်ဆိုင်လို
့ရန်သူလို ဖြစ်တာကိုယ့်မှာ အရည်အသွေးရှိလို့ ရန်သူမရှိသူက
သူများပြောသမျှထောက်ခံ ခေါင်းညိတ် စကားနည်း ရန်စဲ လုပ်နေသူက လူတွေနဲ
့အလိုက်သင့်အထိုက်သင့် နေတတ်တာမဟူတ်ဘူး ညံ့တာ"လို့ ပြောဖူးပါတယ်။ အခုလည်း
လူငယ်တွေ Facebook တော့ သုံးပါတယ်..သူ့ လို မ၀င်ဖြစ်တာကြာလို့ ရယ်..။
နန်းမီမီမိုးစက်လိုနေရာမှာ လူငယ်တွေအုပ်စုဖွဲ့ တစ်ယောက်ကို တစ်ယောက်
ပုတ်ခတ်နေတာတွေနဲ့ အချိန်ကုန်နေတာ နှမျောလိုက်တာဗျာ။ ဒီတော့
သတင်းတွေအဆက်အသွယ်တွေပြတ် ဘာတွေဖြစ်လို့ ဖြစ်နေမှန်းမသိနဲ
့ကျွန်တော်ပြောသမျှကို ပါးစပ်အဟောင်းသားလေးနဲ့ နားထောင်ပြီး
မဖြစ်နိုင်ပါဘူး တော်တော်ကြိုးစားရမယ်ဆိုပြီး ပြောနေရုံနဲ့ မပြီးသေးပါဘူး။
သူ့ လိုလူငယ်တွေ မြန်မာပြည်မှာ ဘယ်လောက်ရာခိုင်နှုန်းဖြစ်နေပြီလဲ...???? ဒီလူငယ်တွေ
အင်အားတွေပြန်စုစည်းဖို့ လိုနေပါပြီ။ ကျွန်တော်တို
့အမျိုးသားရေးလုပ်နေသူအချင်းချင်းသာ
သူငယ်ချင်းတွေဖြစ်နေလို့ ပိုစ့်တွေတင်လိုက် Share လိုက် Comment
တွေပေးလိုက်ကြ..ဆဲလိုက်ကြ အော်လိုက်ကြနဲ့ ပွက်လောရိုက်နေလို
့လူငယ်အများစုပါလာပြီ ထင်နေပေမယ့် တကယ်တော့ လက်တစ်ဆုပ်စာလေးက ကျွန်တော်တို
့တွေရယ်ပါ။ အမျိုးသားရေး Page တွေဆိုလဲ Model ကောင်မလေးတွေ Page လောက် Like
လုပ်သူ ဦးရေ မများပါဘူး...။ ဒါတွေက အားနည်းချက်တွေ ကျွန်တော်တို
့တွေလုပ်ဖို့ အများကြီးလိုသေးတယ်လို့ ပြောနေသလိုပဲ။ လူငယ်ပီပီ မပျော်နဲ
့မဟုတ်ပါဘူး..မကျူနဲ့ မဟုတ်ပါဘူး ပျော်ပါ..ကျူပါ...အပျော်အပါးတဲ
့အပျော်နောက်မှာ အပါး ပါတယ်..တဖြည်းဖြည်း လုံးပါးပါးမှာပါ။ အပြောင်အပျက်
..အပြောင်နောက်မှာ အပျက်ပါတယ်ဗျ..။ နောက် အထက်ကို တက်ဖို
့ကြောက်တယ်..အောက်ကိုတော့ ဆင်းရဲတယ်...ဒါကြောင့် ဆင်းရဲ တယ်ဆိုတာ
ဖြစ်လာတာပေါ့ဗျာ။ အဆင်းကတော့ ရဲသလားမမေးနဲ့ မြန်မာများ။ အဲဒီလူငယ်က
ကျွန်တော့်ကိုမေးတယ်လေ... အမျိုးသားရေးလုပ်နေတာ ပင်ပန်းမှာပဲနော်တဲ့..။
ခက်လဲခက်ခဲမှာပဲ ဒီအတိုင်းတောင်ပစ်ထားလိုက်ချင်တယ်တဲ့..။ ပြီးတော့
မြန်မာတွေအကျင့်တွေစိတ်တွေပြင်ဖို
့ခက်ပါတယ်ဗျာတဲ့။ ဒီတော့ကျွန်တော်သူ့ ကို စကားတစ်ခွန်းပြောလိုက်တယ်...လွယ်လို့ အမျိုးသားရေးလုပ်နေတာမှမဟုတ်တာလို့ ခက်မယ်မှန်းလည်းသိတယ် နှစ် ၅၀
ကျော် ၆၀ လောက် အရိုးဆွဲလာတာကို ကျွန်တော်တို့ ၁၅
နှစ်လောက်အချိန်ယူရမှာလဲသိတယ်..။
ခက်တယ်ဆိုပြီး လုပ်လို့ လဲရမှာမဟုတ်ပါဘူးဆိုပြီး ထိုင်နေရင်
ပိုဆိုးသွားမှာပေါ့လို့ ပြောလိုက်ပါတယ်..။ ဒီတော့ ကျွန်တော်တို့ လူငယ်
လူလတ်ပိုင်းတွေ မြန်မာပြည်အတွက် သမိုင်းကပေးတဲ့ အမျိုးသားတာဝန်ကို
ပုခုံးထမ်းဖို့ အချိန်ကျလို့ နေပါပြီ ဖြစ်ကြောင်း ကျွန်တော် ခက်ထန်က
တိုက်တွန်းနှိုးဆော်ရပါတယ်ဗျာ။
Credit to- ခက်ထန် (MNMC)
Credit to- ခက်ထန် (MNMC)
No comments:
Post a Comment