


Saturday, May 18, 2013
အောက်ခြေမခိုင်-ယိုင်လဲနိုင်
*********************
ကျွန်ုပ်တို့ ဗုဒ္ဓဘာသာသည် အောက်ခြေခိုင်မြဲ မယိုင်လဲသော ဧရာမအားကိုးထိုက်သည့် ဘာသာတရားတစ်ခုသာဖြစ်သည်။
ဘာသာခြားတို့ကဲ့သို့ ကယ်တင်ရှင်စနစ်ကျင့်သုံးသော ဘာသာတရားတစ်ခုမဟုတ်သည်မှာ ရဲရဲဝံ့ဝံ့ အာမခံပေသည်။
ဗုဒ္ဓဘာသာမှအပ တစ်ခြားသောဘာသာတို့သည် သူတို့၏ ဘုရားသခင်ကို သက်ဝင်ယုံကြည်လေလျှင် ဘဝကိစ္စပြီးပြတ်လေပြီ။
... ထိုကဲ့သို့ လွယ်လင့်တကူရသော ဘာသာတစ်ခုကို သင်,တို့သာမဟုတ် ကျွန်ုပ်လည်း ကြိုက်နှစ်သက်ပေသည် ထိုကဲ့သို့ယုံကြည်လေတိုင်း ပြီးမြောက်မည်ဆိုပါက ကျွန်ုပ်သည် ရှေ့းဆုံးမှ သွားရောက်၍ ဘုရားသခင်ဟုခေါ်ဆိုကြကုန်သော ထို,ထိုပုဂ္ဂိုလ်တို့အား ဦးစွာပထမ သွားရောက်ယုံကြည်ပါမည်။
သို့သော် လက်တွေ့မဆန်သော သာဓကရုပ်တိမရှိသော စကားကို ကျွန်ုပ်အဖန်ဖန်ဆန်းစစ်ပြီး၍ ဦးဆုံးမပြောပါလင့်-နောက်ဆုံးကတောင်သွားမည်မဟုတ်ပါ။
ကယ်တင်ရှင် စနစ်သည် လူပျင်းကြိုက်စနစ်ဖြစ်၍ "ရေတို"သာအသုံးဝင်သော မြူမှုန်မျှသာ အကြုံးဝင်၍ အသုံးဝင်၏ ရေရှည်တွင်တော့ "လုံးဝ လုံးဝ" မျှအားကိုးမရ။
သာဓကတခုဆိုပြရသော်။ ။အားအင်ပြည့်ဝနေသောပုဂ္ဂိုလ် (သို့တည်းမဟုတ်)မပြည့်ဝသောပုဂ္ဂိုလ်တစ်ဦးသည် ကျောထောက်နောက်ခံ အရာဝတ္ထုတစ်ခုအား အမှီပြု၍ ရပ်နေသည်ဆိုကြပါစို့။
(ရပ်နေသူသည်မိမိ-ကျောထောက်နောက်ခံသည် ဘုရားသခင်ဟုမှတ်) ထိုအရာဝတ္ထုကျောထောက်နောက်ခံသာ တစ်စုံတစ်ခုသောကြောင့် ပျက်ယွင်းခဲ့ပါလျှင် အမှီသဟဲပြုထားသောပုဂ္ဂိုလ်သည် နောက်ပြန်လဲ၍ လိမ့်ကျမည်မှာ မယုံနိုင်စရာရှိဦးမည်လော..။ ။
တစ်ခါတရံ ကြုံဖူးပါလိမ့်မည် မိမိသည်ပျင်း၍သော်လည်ကောင်း ညောင်းညာ၍သော်လည်ကောင်း စာပွဲ,ခုံ ,ကုလားထိုင်တစ်ခုခုကို မှီ၍ နေဖူးပါလိမ့်မည် ထိုသို့မှီပြီးနေသောအချိန်အခါသည် ဇိမ်လွန်စွာရှိမည်မှာလည်း လူတိုင်းသိပါလိမ့်မည်။ ထိုကဲ့သို့မှီ၍ နေသောအချိန်တွင် သူငယ်ချင်းတစ်ယောက်ယောက်က လာရောက်ပြီး ရုတ်တရက်ဆွဲထုတ်လိုက်လျှင် ပုံပျက်ပန်းပျက်ဖြင့် ဒလိမ့်ကောက် လိမ့်ကျသွားဖူးပေလိမ့်မည်။ အကယ်၍သာ အမှီသဟဲပြု၍ မနေပဲ မိမိကိုယ်မိမိခိုင်မြဲစွာရပ်နေလျှင် မည်သို့ ဒလိမ့်ကောက်ကွေးကျနိုင်ဦးမည်နည်း ။
ထိုကဲ့သို့သော သာဓကကိုကြည့်၍လည်း ဗုဒ္ဓမြတ်စွာဘုရားသည် မိမိသည်သာကိုးကွယ်ယုံကြည် အားကိုးရာအမှန်ဟု လမ်းညွှန်းပြသ ဆုံးမခဲ့ပေသည်။
ဘာသာခြားခေါင်းဆောင်များဆိုပါက ငါ့ကိုသာကိုးကွယ်ပါ ငါ့ကိုသာယုံကြည်ပါဟု မိမိ၏အတ္တကိုရှေ့တန်းတင်ပြီး ဆရာလုပ်ချင်၍ ဇွတ်အတင်း သွတ်သွင်းယုံကြည်ခိုင်းတတ်လေသည်။
ထိုသို့ ငါ့သည်သာအားကိုးရာ ငါ့ကိုသာယုံကြည်ရာဟုပြောတတ်သော ဆရာသမားများကို ကျွန်ုပ်ဝေးဝေးက အမြဲရှောင်ရှားပါသည် ....
ထိုသို့ပြောပြီးသော ဆရာသမားများတို့သည် မိမိ၏ ကိုယ်ကျိုးကိုရှာပြီး တပည့်တို့အား အသုံးချသွားကြပေသည်။
ထို့ကြောင့် အတ္တမပါသော မိမိသည်သာအားကိုးရာအမှန် ကိုးကွယ်ရာ အမှန်ဟု ပြောပြဆိုဆုံးမသွားသော ဗုဒ္ဓမြတ်စွာဘုရားသည်သာလျှင် အသက်ထက်ဆုံး ရှိခိုးဦးချကန်တော့ထိုက်သော ဆရာတစ်ဆူဖြစ်ပေတော့သည်။
ဦးစံရှား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment