တွေ့ဆုံရာ ကမ္ဘာ
ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......
Thursday, May 9, 2013
မြန်မာတို့သွေး မျိုးချစ်ရေး
၁ ။ မြန်မာပီသ အပျိုစင်
ချစ်ဖော်ရွေးချယ်ရင်(လျှင်)
ဘာသာမျိုးတူ မကွဲပြား
... ချစ်ဖောရွေးပါလား ။
မြန်မာစစ်စစ် ဖြစ်ရတာ
ဂုဏ်ယူဝင့်ကြွားပါ ။
ကိုယ့်ရင်သွေးမှာ ဇာတိသွေး
မြန်မာစစ်စစ်မွေး ။
၂ ။ ဘ၀ကြင်ဖော် ချစ်သွေးပျော်
ဘာသာခြားနှင့်နော် ။
မြန်မာပျိုတွေ တွဲလေတိုင်း
စိတ်များလွန်ထိုင်းမှိုင်း ။
ကပြားလေးတွေ တွေ့မြင်ရင်(လျှင်)
စိတ်များ မကြည်လင် ။
နာဂတ် မြန်မာ လူမျိုးရေး
စိုးရိမ်ပူပန်တွေး ။
၃ ။ မအိုခင်က အပျိုစင်
ကျွန်ုပ် တောင်းပန်ချင် ။
ပျိုတိုင်း ကိုယ်စီ မျိုးချစ်သွေး
ရင်တွင်း ပြည့်သိပ်မွေး ။
ဘ၀အခြေနေ ဘယ်လိုနေ
မျိုးတူ ချစ်ကြိုက်လေ ။
မျိုးချစ်စိတ်ဓာတ် ခိုင်မာရေး
တိုင်းရင်းသားတို့ မွေး ။
၎ ။ မွေးကတည်းက သွေးပါလာ
မျိုးချစ်သွေးဆိုတာ ။
မိဘနှစ်ဖြာ မြန်မာသွေး
ဦးစွာ မွေးဖွားရေး ။
မျိုးဇာတိဂုဏ် ကျင့်သိက္ခာ
ထိန်းသိမ်းပေးရမှာ ။
မြန်မာမှန်လျှင် မျိုးချစ်သွေး
လူတိုင်း ကိုယ်စီ မွေး ။
၅ ။ ငါတို့ မြန်မာ လူများစွာ
ကပြားများရင်ကွာ ။
နာဂတ် မြန်မာ တို့လူမျိုး
ပျောက်ကွယ်သွားမှာစိုး ။
ကိုယ့်ရင်သွေးက ကလေးတွေ
မြန်မာပီပြင်စေ ။
ဘိုးဘွားစဉ်လာ မိဘသွေး
မြန်မာစစ်စစ် မွေး ။
၆ ။ မြန်မာသွေးကို အလှဆင်
မြန်မာ့ အပျိုစင် ။
မအိုခင်က မျိုးချစ်သွေး
ပျိုတိုင်း ကိုယ်စီမွေး ။
မောင်တို့ မယ်တို့ သတိဆောင်
ကပြားမွေးတာ ရှောင် ။
မြန်မာပီသ မြန်မာသွေး
မျိုးချစ်စိတ်ဓာတ် မွေး ။
တပ်ကုန်းမြို့နယ်၊မိုးနံကုန်းကေ
ျာင်းတိုက် အရှင်ဝိစိတ္တ
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment