မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်
အင်္ဂလိပ်စာရေးဆရာကြီး ရှိတ်စပီးယားက ကမ္ဘာအလုံးစုံသည် ဇာတ်ခုံမျှ...သာတည်းဟု မိန်.မြွတ်ဘူး၏။ ထိုကမ္ဘာဇာတ်ခုံ တွင်၊ လူအမျိုးမျိုး၊ အရွယ်အမျိုးမျိုး၊ အတန်းအစားအမျိုးမျိုးတို.သည် ကိုယ် အခန်းကို ကိုယ်ကိုင်၍ ဇာတ်နိုင်အောင်ခင်းသွားရလေသည်။ သို.ဖြစ်ရာလူတိုင်းလူတိုင်းမှာ သိကြားတတ်သော အချိန်အရွယ်မှစ၍ သေသည့်ထိအောင် မိမိ၏ အလုပ် ၀တ္တရားအဖြစ်ရှိ၏။ ထိုဝတ္တရား ကို ကြေပြွန်မှသာလျှင် လောက၌၊ လူဖြစ်ရကျိုးနပ်ပေမည်။ ကမ္ဘာ၏ နောင်ခေတ် အမွေခံဖြစ်ကြသော ကျွန်တော်တို. ကျောင်းသားတို.မှာ လည်း အထူးသဖြင့် အသက် ၁၆နှစ်၊ ၁၇နှစ်မှ အထက်သို.ရှိသော ကျောင်းသားများမှာလည်း၊ အဆိုပါ ၀တ္တရားဥပဒေမှ မကင်းလွှတ်ကြ ချေ။
ယင်းသို.ဖြစ်လျှင်- ကျောင်းသာများ၏ ၀တ္တရားသည် အဘယ်နည်း။
အမြင်ကျယ်ကျယ်၊ ကြည့်လေ့ရှိသောသူတို.သည် ကျောင်းသားဆိုသည်မှာ တန်းစာကျက်၍ စာမေးပွဲအောင်ရုံမျှဟူ သော အများအယူအဆ၏ တိမ်းခြင်း၏အဖြစ်ကိုသိရှိကြလေပြ
ပညာရေးကို ကျွမ်းကျင်သောကမ္ဘာ.ပညာရှိတို.သည
An examination of examination စာမေးပွဲများ၏ အကျိုးအပြစ် စစ်ဆေးချက်ဆိုသော စာအုပ်တွင် ဤအချက်ကို ရှင်းလင်းပြသ ထားပေ၏။ စာမေးပွဲတစ်ခု၏ အဖြေစာရွက်များကို စာစစ်သူအမျိုးမျိုးအား-စစ်ဆေးစေ
ဤတွင်၊ ကမ္ဘာကျော် စာရေးဆရာကြီး၏ အရေးအသားကို ၎င်းရေးသားသဖြင့် ယုံကြည်ရမည်ဟု မဆိုလို၊ သို.ရာတွင် ၎င်းကာ၊ အကြောင်းမဲ့ မရေးသားရာ။ ယင်းသို.ဖြစ်ရကား ကျွန်ုပ်တို.သည် ကမ္ဘာရာဇ၀င်တွင် သာဓကအထောက်အထားများကိုကြည့်မည် ဆိုလျှင် ကမ္ဘာထိပ်တန်းကျရောက်သော ပုဂ္ဂိုလ်တို.သည် စာမေးပွဲများတွင် ထိပ်တန်းကျသူချည်း မဟုတ်ပေ။
ဥပမာ အနည်းငယ် ထုတ်ပြ ရသော် ယခုခေတ် ကမ္ဘာ.ထိပ်တန်းသမားများတွင်၊ ဟစ်တလာနှင့် မတ်ဆိုလိုနီ တို.သည်၊ ကျောင်းမှပင်ကောင်းစွာမနေခဲ့ကြရ
သို.ရာတွင် ထိုအခါက ၎င်းအထက်-ပထမ ရခဲ့ သောသူတဦးမှာ၊ ရန်ကုန်တွင် ပါမောက္ခ တဦး အဖြစ်ဖြင့် ၎င်းကဲ့သို ကျော်ကြားခြင်း မရှိပေ။ အင်္ဂလိပ်စာရေးဆရာကြီးများ ဖြစ်ကြသော ဂိုလ်းစမစ်၊ ဆာဝါ လတာစကော့-စသေည ပုဂ္ဂိုလ်တို.မှာလည်း ကျောင်းနေစဉ်က ထူးချွန်ခြင်းမရှိ၊ ဆာဝါလတာစကော့မှာမူ၊ လူငနွားဟုပင်-ဆရာ၏ အခေါ် ခံရလေသည်။ ဤကား၊ ဥဒါဟရုဏ်ကို အကျဉ်းမျှ သရုပ်ပေါ်အောင်ပြလိုက်ခြင်းပေတည်
စင်စစ်သော်ကာ. ကျောင်းတွင် တခါမျှမနေဖူး၍ စာတစ်လုံမျှမသင်ဖူးသူပင် ပညာရှိဖြစ်နိုင်၏။ ဤကာဖြစ်နိုင်သည့် အကြောင်းကို အလွန်ဆိုခြင်းဖြစ်ပေသည်။ ယခုကမ္ဘာပေါ်မှာရှိသည့် စာအုပ်အားလုံးသည် အရင်းစစ်လျှင် လောက၏အကြောင်းကို အမျိုး မျိုးမှတ်သားချက်များသာဖြစ်ပေသည
ထိုပညာစစ်ကိုရရန်၊ လွပ်လပ်စွာတွေးတေားပြောဆို ဆွေးနွေးလုပ်ကိုင်လိုသော စိတ်ဓာတ်ကို မွေးရန်လို၏။ ဤအချက် ကို ပညာရေးကျွမ်းကျင်သူ ပုဂ္ဂိုလ်တို.က Academic Freedom ပညာသင်ကြားရေး လွပ်လပ်ခွင့်ဟုခေါ်ဝေါ်ကြ၏။ ဤအချက်ကား၊-ကမ္ဘာ ရာဇ၀င်ကို-တမျိုးတမည် ပြောင်လဲစေသည့် ရီနေဆန်.နှင့် ရီဖောင်မေးရှင်းခေါ် ခေတ်သစ်ဝါဒ၊ လောကဓာတ်ပညာ ပြန်.ပွားရာ အကြောင်း ရင်းတည်း။ ဤအချက်ကာ- ကျွန်ုပ်တို.၏ ဂေါတမသခင်၊ ဟောကြားသော ကာလမသုတ္တန် သဘောအရပင်တည်း။
ထိုလွပ်လပ်စွာတွေးတေားပြောဆို ဆွေးနွေးလုပ်ကိုင်လိုသောစိတ်ရှိ
ထိုကြောင့်၊ထိုသို.ကူးလူးဆက်ဆံ အမြင်သန်အောင်၊ ကျောင်းများ၊ တက္ကသိုလ်များတွင်၊ ကျောင်းအိပ်ကျောင်းစားထား ခြင်း၊ အသင်းအပင်းများထောင်ခြင်း စသည်တို.ကို ပြုကြရလေသည်။ သို.ရာတွင် အပေါင်းအသင်းသမဂ္ဂအတွက်ပြုလုပ်ရာ
တဖန် ယနေ.ဖြစ်သော ကျောင်းသားများသည် နက်ဖြန်ပြည်ကြီးသားများ ဖြစ်ကြ၏ဟု၊ ဆိုရိုးစကားရှိ၏။ သို.ဖြစ်ရာ၊ ပြည်ကြီးသားတို.၏ အင်္ဂါလက္ခဏာတို.နှင့်ညီအောင် အုပ်ချုပ်နည်း၊ မိမိအခွင့်အရေးအတွက် တိုက်ခိုက်နည်း၊ စကားပြောနည်း၊ စည်းကမ်း သေ၀ပ်နည်း၊ ကိုယ်လက် ကျန်းမာရေး စသဖြင့် နည်းမျိုးစုံအောင် အသင်းအပင်များ၊ ရဲတပ်များ၊ ကစားနည်းများကိုထွင်ကြရ၏။ ထိုမျှမက ယခုအခါ တနိုင်ငံနှင့်တနိုင်ငံမှာ ခွဲစိတ်၍မဖြစ်နိုင်။ တရုတ်ပြည်၊ စပိန်ပြည်၊ ပါလက်စတိုင်းပြည်တွင်း အဖြစ်အပျက်များသည်၊ ဤတိုင်းပြည် ကိုလည်းကောင်း၊ ကမ္ဘာယဉ်ကျေးခြင်းကိုလည်းကောင်း၊
ထိုကြောင့်- ကမ္ဘာရှိ ကျောင်းသားအပေါင်းတို.သည် လှုပ်လှုပ်ရွရွဖြစ်၍၊ စစ်မက်တားမြစ်ရေး၊ အလုပ်လက်မဲ့ပပျောက်ရေး အကြောင်းစနစ်ကို ရှာဖွေ နေကြ၏။ အခြေအထူးမလှသော စပိန်ပြည်နှင့် တရုတ်ပြည်တို.တွင် ကျောင်းသားတို.မှာ၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်နေကြရ၏။ ထိုကြောင့် အချိန်နှင့် အခါအလျှောက်လည်း၊ ကျောင်းသာဒ၏ ၀တ္တရားလည်း ကွဲလာ၏။
ဤပြဆိုခဲ့ပြီးသော ကျောင်းသားဝတ္တရားအားလုံး ကိုသိမြင်သည်နှင့်အညီ နောင်ခေတ် ဗမာပြည်ကို ဖန်တီးမည့် ကျောင်းသားများသည်၊ ယခုလူများကဲ့သို. မညီမညွတ် မလုပ်တတ်၊ မကိုင် တတ် မဖြစ်ရအောင်၊ ကျွန်ုပ်တို.သည်၊ ယခုအခါ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအသင်းကြီးကို အထင်အရှား တည်ထောင်း ထား၏။ ထိုအသင်းကို ၀င်ရောက်အားပေးရန်မှာ ကျောင်းသားတိုင်း တိုင်းပြည်ချစ်စိတ်ရှိသောသူတိုင
( မန္တလေးသူရိယ(အမျိုးသားနေ. အထူးစာစောင်)၊ ၁၂၉၉၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်၊ စာ ၁၇-၁၈။)
မှတ်ချက်။ ။မူရင်းမှ အခဏ်း ကို အခန်းဟူ၍လည်ကောင်း၊ စိစစ်ဝေဘန် ကို စိစစ်ဝေဖန် ဟူ၍လည်ကောင်း၊ တဘန် ကို တဖန် ဟူ၍လည်ကောင်း၊ ဝေဘန်ကို ဝေဖန် ဟူ၍လည်ကောင်း၊ ဘတ်ခဲ့သော ကို ဖတ်ခဲ့သော ဟူ၍လည်ကောင်း၊ ဘားသူငယ် ကို ဖားသူငယ် ဟူ၍လည်ကောင်း၊ တဘန် ကို တဖန် ဟူ၍လည်ကောင်း၊ ခွဲစပ် ကို ခွဲစိတ် ဟူ၍လည်ကောင်း ပြုပြင်ရုံမှလွဲ၍ နဂိုအတိုင်းပြန်လည် တင်ပြထားပါသည်။
“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်မှ ပြန်လည် ကူးယူးဖော်ပြသည်။






No comments:
Post a Comment