Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Monday, May 20, 2013

မြတ်စွာဘုရားသာသနာ ဗုဒ္ဓဂယာကို မွတ်ဆလင်တို့ ဖျက်ဆီးပုံ












(Mr.L.S.S.O Malley' I.C.S Bengal District Gazetteer chapter V. Page No.26)တွင်ပါရှိသော
ဗုဒ္ဓဂယာနှင့်မဟာမေဒင်တို့၏အဖြစ်အပျက်ကို ဝမ်းနည်းစွာဖြင့်ရေးသားဖေါ်ပြရပေအံ့။ ''ခရစ်သက္ကရာဇ် ၁၁၉၃-ခုနှစ...်တွင်
မိုဟာမက်ဘတ်တီယာခိလဂျီခေါ်မွတ်ဆလင်စစ်ဗိုလ်ကြီးသည် မဂဓတိုင်းခေါ်ဘီဟာနယ်ကို သိမ်းပိုက်ခဲ့လေသည်။ ဘတ်တီ
ယာခိလဂျီဆိုသည်မှာ အိန္ဒိယပြည်ကြီးကို ရှေးဦးစွာလာရောက်တိုက်ခိုက်ခဲ့သော မိုဟာမက်ဂေါ်ရီခေါ် အာဖဂန်စစ်ဗိုလ်ချုပ်
ကြီး၏ဗိုလ်မှူးတစ်ယောက်ဖြစ်၍ သူ၏တာဝန်မှာ ဘီဟာနယ်ကို တိုက်ခိုက်ရန် ဖြစ်လေသည်။ အခြားဗိုလ်မှူးတစ်ယောက်
၏အမည်မှာ မိုဟာမက်ကုတ်ဘွဒ္ဒိန်ဖြစ်၍ သူ၏တာဝန်မှာကား ယူပီနယ်ကို တိုက်ခိုက်ရန် ဖြစ်သည်။
သူတို့နှစ်ယောက်စလုံး လက်အောက်ခံစစ်သားပေါင်း ၆ဝဝဝ-ခန့်ကို အုပ်ချုပ်ရလေသည်။ မိုဟာမက်ဘတ်တီယာ
ခိလဂျီနှင့်နောက်ပါ မွတ်ဆလင်စစ်သားတို့သည် ဂယာဒိစတြိတ်ရှိ လူပေါင်းမြောက်များစွာတို့ကို သတ်ဖြတ်လုယက်ပြီးလျှင်
ကိုးကွယ်ရာအဆောက်အအုံပေါင်းများစွာတို့ကိုလည်း ဖျက်ဆီးပစ်လေရာ ထိုအထဲတွင် ဗုဒ္ဓဂယာမြို့ပေါ်ရှိအဆောက်အအုံတို့
ပါဝင်လေသည်။ ၁၁၉၃-ခုနှစ်၊ မတ်လတွင် သူတို့သည် စစ်သားပေါင်း ၂ဝဝဝ-ခန့်နှင့်ဗုဒ္ဓဂယာမြို့သို့လာရောက်ကာ
ကျောင်းစသော အဆောက်အအုံတို့အား မီးရှို့ခြင်း၊ လုယက်ခြင်း၊ ရဟန်းတော်များအား ဓါး၊ လှံစသော လက်နက်တို့ဖြင့်
သတ်ဖြတ်ခြင်း၊ ရာပေါင်းများစွာသော စေတီပုထိုးတို့ကိုလည်း ရက်ရက်စက်စက် ဖျက်ဆီးခြင်း၊ မြေပုံချင်း မရေတွက်နိုင်
လောက်အောင် များပြားလှသော ရုပ်တုတော်များအား ရိုက်ချိုးခြင်း၊ ခြေထောက်နှင့်နင်းခြင်း၊ ကျောက်ကန်ခြင်း ဤသို့လျှင်
ရက်စက်ကြမ်းကြုတ်စွာ ဖျက်ဆီးလေရကား ဓါး၊ လှံလက်နက်မှ လွတ်သောရဟန်းတော်အချို့မှာ တိဗက်ပြည် နီပေါလ်ပြည်
နှင့်အိန္ဒိယပြည်တောင်ပိုင်းသို့ တိမ်းရှောင်သွားကြရရှာလေသည်။ ဘီဟာနယ်တွင် လူအများဆုံးခိုကိုးရာဖြစ်သော ဗုဒ္ဓ
ဘာသာသည် ဘတ်တီယာခိလဂျီ၏ဓါး သန်လျက် မီးစသော လက်နက်တို့ဖြင့် အသက်ပျောက်ခဲ့ရလေသည်။ ထောင်ပေါင်း
များစွာသောရဟန်းသံဃာတော်များလည်း ပျံလွန်တော်ခဲ့ရရှာလေသည်။''
စာမျက်နှာ ၅၅-တွင် ရေးသားထားပြန်သည်မှာ...''ခရစ် ၁၂-ရာစုကုန်ခါနီးတွင် မဂဓတိုင်းသူတိုင်းသားတို့
၏ကိုးကွယ်ရာနာထဖြစ်သော သံဃာတော်အရှင်မြတ်တို့မှာ လုံးစုံကွယ်ခဲ့ပြီဖြစ်ရာ တိုင်းကြီးတစ်လျှောက်တွင် တောကြီး
သေလာဟိမဝန္တာကဲ့သို့ ဆိတ်ငြိမ်လျက်ရှိလေသည်။ မဂဓတိုင်းတစ်ခုလုံးကို တောက်ပြောင်စေခဲ့သော သာသနာအရောင်
တော်သည်လည်း လကွယ်နေ့ ညဥ့်သန်းခေါင်ကျော်အချိန်ကဲ့သို့ အမိုက်အမှောင်အတိ ဖုံးအုပ်လျက်ရှိတော့သည်။ ရဟန်း
ရှင်လူအပေါင်းတို့၏စုရုံးဝတ်ပြုရာဖြစ်သော ကျောင်း၊ ကန်၊ စေတီ၊ ပုထိုး၊ ဓမ္မာရုံစသည်တို့မှာလည်း ပြာပုံအတိဖြစ်ပြီးလျှင်
တိုင်းပြည်ခိုအောင်း လူအပေါင်းတို့အား သောကလှိုက်လှဲ ဝမ်းနည်းစဖွယ်ကောင်းသော အခြင်းအရာကို ပြသလျက်ရှိရာ
ဥပါသကာ ဥပါသကီမအပေါင်းတို့မှာ ယူကြုံးမရ မျက်ရည်များပင် တဖြိုင်ဖြိုင်တစက်စက် ကျခဲ့ရရှာကုန်တော့သတည်း။
မွတ်ဆလင်လက်အောက်သို့ ကျရောက်ကြရရှာသော မဂဓတိုင်းသူအချောအလှတို့ကိုလည်း မွတ်ဆလင်စစ်သားတို့က
သဘောကျရွှေးယူပြီးလျှင် အတင်းအဓမ္မအစ္စလာမ်ဘာသာသို့ ဆွဲသွင်းကြလေကုန်သည်။ အလိုဆန္ဒမတူဘဲနှင့်ကာမဂုဏ်
စည်းစိမ်ကို မြိန်မြိန်ရှက်ရှက်ကြီး ခံစားကြလေကုန်သည်။''
မစ္စတာဂျေ-စီ ကျောက်ဓူရီ၏ဗာရတ ဝရသျှဣတိဟာဆဲခေါ်စာအုပ် စာမျက်နှာနံပါတ် ၁၂၃-တွင်ကား ဤသို့
ရေးသားထားပြန်၏။
''မဂဓတိုင်းကြီးကို ၃-ကြိမ်တိုင်အောင် မွတ်ဆလင်တို့ဝင်ရောက်တိုက်ခိုက်ခဲ့၏။ ၁၁၉၃- ခုနှစ်တွင် မိုဟာမက်
ဘတ်တီယာခိလဂျီသည် ခြေလျက်တပ်၊ မြင်းတပ်၊ ရထားတပ်၊ ကုလားအုတ်တပ်တို့ဖြင့် ဝင်ရောက်တိုက်ခိုက်လေရာ မဂဓတိုင်း
တောင်ဘက်အပိုင်းကို လွယ်ကူစွာ အောင်မြင်ခဲ့၍ များစွာကုန်သော လူ၊ ရှင်ရဟန်းတို့အား သတ်ဖြတ်ခြင်း၊ လုယက်ခြင်း
သူတော်စင်အပေါင်းတို့ ကိန်းအောင်းရာဖြစ်သည့် ကျောင်းသင်္ခမ်းစသော အဆောက်အအုံတို့ကိုဖျက်ဆီးခြင်း၊ အမျိုးသမီး
များအား မုဒိမ်းကျင့်ခြင်း ဤကဲ့သို့ ရက်ရက်စက်စက် သောင်းကျန်းမွှေနှောက်ကြကုန်သည်ရှိသော် ၁၁၉၅-ခုနှစ်တွင်
ရွှေ၊ ငွေဘဏ္ဍာမြောက်များစွာတို့ကိုလုယူပြီး အိန္ဒိယပြည်မြောက်ဘက်ရှိ ဒက်ကင်းနယ်သို့ ပြန်သွားကြလေသည်။ တိုင်းပြည်
ကို မည်သို့မည်ပုံအုပ်ချုပ်ရန်ဟူသော ဥပဒေစည်းမျဉ်းတစ်စုံတစ်ခုကိုမျှ မရေးဆွဲခဲ့ချေ။ ထို့ကြောင့် ဤစစ်ပွဲကို စီးပွားရေး
အကြောင်းခံသော စစ်ပွဲဟုဆိုအပ်ပါပေသတည်း။ ရာဇဂြိုဟ်၊ နာလန္ဒ၊ ပါဋလိပုတ်မြို့များသို့ မရောက်ခဲ့သေး။ ဗုဒ္ဓဂယာ
အဆောက်အအုံတို့မှာကား ဤအချိန်အခါတုန်းကပင် ပါဝင်ခဲ့သဖြင့် ပျက်စီးခြင်းသို့ရောက်ကြပေပြီ။ ဗုဒ္ဓဂယာကို ဖျက်ဆီး
စဉ်က ဘတ်တီယာခိလဂျီ၏စစ်သားပေါင်းများစွာတို့မှာ ကာလရောဂါ၊ ကျောက်ရောဂါ၊ ပုလိပ်ရောဂါတို့ကြောင့် မရှုမလှ
သေကြေပျက်စီးကြသည်ဆို၏။ ထိုသို့ သေကြေပျက်စီးသည်ကိုပင် ဘတ်တီယာခိလဂျီကား ကြောက်ရွံ့ခြင်းမရှိသေး။
ဤဂေါတမဘုရားကို ဆုံးမမှုကြောင့် ငါ၏စစ်သားပေါင်းများစွာ မရှုမလှသေကြေရလေပြီ။ ထို့ကြောင့် ဤဂေါတမသည်
လူသတ်ဘုရားဖြစ်သာဖြစ်သည်ဟု စွပ်စွဲကာ စစ်သားတို့၏အလောင်းအချို့ကို ဗုဒ္ဓဂယာမြို့ရှိကျောင်းရာ စေတီရာတို့တွင်
မြုပ်နှံပြီး၍ အချို့ကို ဗုဒ္ဓဂယာနှင့်ဂယာအကြားသို့ ယူဆောင်ပြီးလျှင် စေတီ၊ ပုထိုးများမှ ကျောက်အုတ်တို့ဖြင့် အရိုးဂူဗလီများ
ဆောက်ထားခဲ့လေသည်။
ထို့ကြောင့် ၁၁၉၃-ခုနှစ်ကို ဘီဟီဟာနယ်တောင်ပိုင်းရှိ ဗုဒ္ဓဘာသာဝင်ရဟန်း၊ရှင်လူတို့၏သွေးစက်များ မြေ
ပေါ်သို့ကျခဲ့ရသော နှစ်သက္ကရာဇ်ဟူ၍ မှတ်ယူကြရပေမည်။်။ ဗုဒ္ဓဘာသာရဟန်းတော်များမှ ယိုစီးခဲ့ရသော မျက်ရည်
စက်နှင့်သွေးစက်တို့ကား ဗုဒ္ဓဂယာမြေကြီးတစ်ခုလုံးကိုနီမြန်းစွတ်စိုစေလေသည်။ ထောင်သောင်းမကသော ဘုရား၊ ကျောင်း၊
စေတီပုထိုးတို့မှာလည်း အန္တိမဘဝသို့ကျရောက်ကာ ပြုစုစောင့်ရှောက်မည့် ဒါယကာများနှင့်ကင်းဝေးကြရလေသည်။ ဗုဒ္ဓ
ရှင်တော်ဘုရား၏ဘုရားအဖြစ်သို့ ရောက်ရှိတော်မူရာ အဝိဇဟိတဌာနကြီးတစ်ခုပင် ဖြစ်လင့်ကစား သင်္ခါရဓမ္မစက်ကွင်းမှ
မလွတ်ကင်းနိုင်သဖြင့် ဤကဲ့သို့ မွတ်ဆလင်တို့၏ဓါး သန်လျက်စသော လက်နက်တို့ဖြင့် ပျက်စီးခြင်းသို့ ရောက်ရပါတကားဟု
သံဝေဂယူကြပါကုန်။ ဤ အကြောင်းအတ္ထုပ္ပတ္တိကို ထုတ်ဖေါ်ကာ ရေးသားလိုက်ရသော ကျွန်ုပ်သည် ယခုရေးဆဲသောခဏ
၌ပင်လျှင် အခဲမကြေဖြစ်မိ၏။ ကြေကွဲဝမ်းနည်းမိပါ၏။ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့အဖို့ အထူးနာကျည်းဖွယ်
ကောင်းလှတော့၏။
ဒုတိယတစ်ဖန် အဆိုပါ ဘတ်တီယာခိလဂျီသည် ခရစ် ၁၁၉၇-ခုနှစ်၊ ဇန်နဝါရီလတွင် မဂဓနေပြည်တော်သို့
ဝင်ရောက်တိုက်ခိုက်ပြန်လေရာ ရှေးကကဲ့သို့ပင် ဟိန္ဒူနှင့်ဗုဒ္ဓဘာသာနှစ်ရပ်စလုံးကို ဖျက်ဆီးပြန်လေသည်။ တတိယအကြိမ်
၁၁၉၉-ခုနှစ်တွင် မဟာမက်ကုတ်ဘွဒ္ဒိန်သည် ပါဋလိပုတ်၊ ဗာဂေါလ်ပူရ်စသော ဘီဟာနယ်မြောက်ဘက်ရှိ မြို့များမှ
ဝင်ရောက်တိုက်ခိုက်ပြန်လေရာ ပါဋလိပုတ်၊ နာလန္ဒ၊ ရာဇဂြိုဟ်စသော နယ်များရှိ ဘုရားအဆောက်အအုံပေါင်းများစွာ
တို့နှင့် ရဟန်းတော်ပေါင်းများစွာတို့အား သတ်ဖြတ်ဖျက်ဆီးလေရာ နာလန်မထူနိုင်အောင် ပျက်စီးရလေတော့သတည်း။
ဤသက္ကရာဇ်၌ မဂဓတိုင်းခေါ်ဘီဟာနယ်ကြီးမှာ မွတ်ဆလင်တို့လက်အောက်သို့ လုံးစုံကျရောက်ရလေတော့သည်။
၎င်းကုတ်ဘွဒ္ဒိန်သည်ပင်လျှင် ဘီဟာနယ်တစ်ခုလုံးကို ပွဲဦးထွက်ဘုရင်ခံအဖြစ်ဖြင့် အုပ်ချုပ်ခဲ့လေသည်။

မေဃဝတီဆရာတော် ဦးနာရဒ၏ ဗုဒ္ဓသမိုင်း (သို့မဟုတ်) အမှတ်တရဒိုင်ယာရီစာအုပ်မှ ကောက်နုတ်တင်ပြသည်။

မြတ်စွာဘုရားသာသနာ ဗုဒ္ဓဂယာကိုမည်သို့မည်ပုံဖျက်ဆီးခဲ့သည်ဆိုတာကို 
ဆက်လက်ဖော်ပြပါမည်

No comments:

Post a Comment