**************************************
မြန်မာအမျိုးသမီးများဟာ
မြန်မာလူမျိုးများ မျိုးတုံးပျောက်ကွယ်မသွားအောင် တာဝန်ယူထားရသော
တိုင်းရင်းသူများဖြစ်ကြပါတယ်။
မြန်မာလူမျိုးများ တည်တံ့ ပြန့်ပွားဖို့အတွက် မြန်မာမျိုးဆက်သစ်များကို
မြန်မာတိုင်းရင်းသူများကသာ မွေးဖွားပေးနိုင်ပါတယ်။ တခြားလူမျိုး
တိုင်းရင်းသူများက မွေးဖွားပေးလို့ မရပါဘူး။ ဒါကြောင့်မို့ မြန်မာ...တိုင်းရင်းသူများဟာ
မြန်မာလူထုတစ်ရပ်လုံးရဲ့ အသည်းနှလုံးများ၊ အညွန့်အဖူးများ ဖြစ်ကြပါတယ်။
ဒီအညွန့်အဖူးတွေကို အဖျက်ပိုးများ မကိုက်ရလေအောင် ပန်းကလေးသဖွယ်
ဂရုစိုက်ပြီး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြဖို့ လိုအပ်ပါတယ်။
ယခုအချိန်အခါမှာ မြန်မာလူမျိုးတွေရဲ့ အညွန့်အဖူးဖြစ်တဲ့ တိုင်းရင်းသူတွေကို
အဖျက်ပိုးများက လက်ထပ်သိမ်းပိုက်ပြီး သွေးနှောမျိုးဖျက်ဖို့
ကြိုးစားနေကြပါတယ်။ မြန်မာတိုင်းရင်းသူများကို အဖျက်ပိုးများက
သွေးနှောမျိုးဖျက်ခွင့်မရအောင်
မြန်မာတိုင်းလူမျိုးတိုင်း တားဆီးကာကွယ်သွားကြရပါမယ်။ ဒီတာဝန်ဟာ
မြန်မာလူမျိုးတိုင်း မဖြစ်မနေ ထမ်းဆောင်ရမယ့် ဧရာမတာဝန်ကြီးပဲ ဖြစ်ပါတယ်။
တကယ်လို့သာ တားဆီးကာကွယ်မှု မရှိကြဘူးဆိုရင် တိုက်စစ်ထက်မြက်တဲ့
တစ်ဘက်ဘောလုံးအသင်းကို ဂိုးသမားမပါဘဲ ခံကစားသကဲ့သို့ ဖြစ်နေပါတယ်။ ယခုအခါ
ဗမာ၊ ရခိုင်၊ မွန်၊ ရှမ်း၊ ကရင်စတဲ့ မြန်မာတိုင်းရင်းသူများကို လူမျိုးခြား
ဘာသာခြားတွေက သွေးနှောပြီး မျိုးဖျက်ခံနေရတာဟာ မြန်မာနိုင်ငံတစ်ဝန်းလုံး
လက်ညှိုးထိုး မလွဲအောင် ရှိနေကြပါတယ်။
လူမျိုးခြားဘာသာခြားတစ်ယောက်က
မြန်မာတိုင်းရင်းသူတစ်ယောက်
နှစ်ယောက်မှ စပြီး လေငါးခြောက်ယောက်အထိ ယူထားတာတွေလည်း များစွာရှိနေပါတယ်။
ရခိုင်ပြည်မှာဆိုရင် ဗုဒ္ဓဘာသာမြန်မာတိုင်းရင်းသူ(၂၄)ယောက်ကို လူမျိုးခြားဘာသာခြားတစ်ယောက်တည်းက ယူထားတာတောင် ရှိတယ်လို့
မှတ်သားဖူးပါတယ်။ နယ်မြို့လေးတစ်မြို့မှာဆိုရင်လည်း ဗုဒ္ဓဘာသာညီအစ်မသုံးယောက်ကို လူမျိုးခြား ဘာသာခြားတစ်ယောက်တည်းက
ယူထားတာလည်းရှိပါတယ်။ နောက်ပြီးရန်ကုန်မြို့ စက်မှုလက်မှုလုပ်ငန်းရှင်
လူမျိုးခြား ဘာသာခြား ယောက်ျားတစ်ယောက်က မြန်မာအမျိုးသမီးမြောက်များစွာကို လက်ထပ်သိမ်းပိုက်ပြီး သူ့ကိုယ့်သူ
ကာမဘုရင်တစ်ဆူလို မင်းမူပြီး နေပါတယ်လို့ ဖတ်မှတ်ဖူး၏။
အဲဒီမြန်မာမိန်းကလေးတွေအားလုံးဟာ
သူထားရာနေ၊ သူကျွေးတာစား၊ သူဆင်တာဝတ်၊ သူပေးတာသုံးနေရရုံ လေးနဲ့
လူမျိုးခြား ဘာသာခြားတစ်ယောက်ရဲ့ ကာမကျွန်ဖြစ်မှန်းမသိ ဖြစ်နေကြပါတယ်။
ဒီအတိုင်းသာ ရှေ့ဆက်သွားပါက အမျိုးဘာသာ သာသနာအတွက် ရတက်ပွေစရာဖြစ်ပါတယ်။
မြန်မာမိန်းကလေးတစ်ယောက်ကို
လူမျိုးခြား ဘာသာခြားတစ်ယောက်က လက်ထပ်သိမ်းပိုက်သွားပြီးဆိုရင် အဲဒီမိန်းကလေးမှ နောင်မွေးလာမယ့်
ဗုဒ္ဓဘာသာမြန်မာမျိုးဆက်သစ်အားလုံးကို
လူမျိုးခြား ဘာသာခြားရဲ့ မွေးရာပါဓားနဲ့ထိုးခုတ်ပြီး မျိုးဖြုတ်သုတ်သင်ယူသွားတာပဲ ဖြစ်ပါတယ်။ အဲဒီထက်ဆိုးတာက
အဲသည်မိန်းကလေးမှ နောင်မွေးလာတဲ့ ဆွေစဉ်မျိုးဆက်အားလုံးဟာ မိမိတို့ရဲ့
လူမျိုးနဲ့ ဘာသာကို ပြန်ပြီးဝါးမြိုမယ့် လူမျိုးခြားမြန်မာကပြားလေးတွေ အထိနာကြီး နာလှပါတယ်။ ဒါဟာ
မြန်မာလူမျိုးတွေအားလုံးအတွက်
အထိနာကြီးနာလှပါတယ်။ “အသားထဲက လောက်ထွက် ဆိုတာမျိုး ကိုယ့်အသားထဲက
ထွက်တဲ့လောက်က ကိုယ့်ရဲ့အသားကို ပြန်ပြီး အစားခံရသလိုမျိုးပါပဲ”
ယခုအချိန်မှာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် တစ်ရက်ကို
အနည်းဆုံး မြန်မာတိုင်းရင်းသူ အယောက်(၆၀)နှုန်းလောက် လူမျိုးခြား
ဘာသာခြားနောက် ပါနေကြတယ်လို့ သိရပါတယ်။ ဒီအတိုင်းသာ
ရှေ့ဆက်ပါနေကြဦးမယ်ဆိုရင် အမျိုး ဘာသာအရေးကတော့
တကယ့်စိတ်မအေးစရာဖြစ်ပါတယ်။
တချို့ဗုဒ္ဓဘာသာ မြန်မာတိုင်းရင်းသူလေးများဟာ အမျိုးသားရေး၊ ဘာသာရေးအခြေခံစိတ်
အလွန်ပဲ နည်းပါလှပါတယ်။ အဲဒီလိုနည်းပါးကြလို့လည်း ဆန္ဒကိုရှေ့တန်းတင်ပြီး
လူမျိုးခြား ဘာသာခြားနောက် ကောက်ကောက်ပါသွားကြတာတွေ၊
တချို့မိန်းကလေးတွေကျပြန်တော့လည်း
အမျိုးဘာသာပျောက်မယ့် ကိစ္စကို ထည့်မစဉ်းစားဘဲ ငွေနဲ့စီးပွားရေးကိုသာကြည့်ပြီး၊ တစ်ဘဝစာမဟုတ် တစ်ခဏတာ
ကောင်းစားရေးကို ကြည့်ပြီး လူမျိုးခြား ဘာသာခြားကို လင်လုပ်ကြတာတွေ၊
နောက်ပြီး အမျိုး ဘာသာကို မခွဲခြားဘဲ ချစ်တာတစ်ခုတည်းကိုကြည့်ပြီး အချစ်ကို ရှေ့တန်းတင်တတ်ကြတဲ့ ခပ်မိုက်မိုက်၊
ခေတ်ဆန်ဆန် အချစ်မျက်ကန်း မြန်မာမိန်းကလေးတွေလည်း များစွာရှိနေပါတယ်။
ဒီအခြေအနေ အကြောင်းကြောင်းတွေကြောင့် အမျိုး ဘာသာ သာသနာကို
ချစ်မြတ်နိုးကြတဲ့ လူပညာရှိ၊ ရဟန်းပညာရှိများနှင့် နိုင်ငံတာဝန်ကို
ထမ်းဆောင်နေကြတဲ့ အချို့ မျိုးချစ်နိုင်ငံခေါင်းဆောင်များအနေဖြင့် အမျိုး ဘာသာ သာသနာကို
ကာကွယ်စောင့်ပေးနိုင်တဲ့ မျိုးစောင့်ဥပဒေတစ်ရပ်နဲ့ ထုတ်ပြန်တားဆီးသွားဖို့
လိုအပ်လှကြောင်း ညွှန်ပြပေးနေသလိုပါပဲ။ အမှန်တကယ်လည်း မြန်မာနိုင်ငံမှာ
ထိုထိုသော မျိုးစောင့်ဥပဒေ တစ်ရပ်ကို ဖြစ်နိုင်သမျှ မြန်မြန်
ထုတ်ပြန်တားဆီးသင့်လှကြောင်း
ယူဆမိပါ၏။
အိမ်ထောင်ပြု စည်းမျဉ်းဥပဒေဘာသာခြားတွေမှာ အိမ်ထောင်ပြု
စည်းမျဉ်းဥပဒေတွေရှိနေတယ်။ နိုင်ငံတော် ဥပဒေမှာလည်း ထည့်သွင်းထား တယ်။ဗုဒ္ဓ
ဘာသာမှာတော့ ဒီလိုဥပဒေမရှိဘူးဖြစ်နေတယ်။ ဘယ်ဘာသာနဲ့မဆို လက်ထပ်နေတာ တွေ့ရနေ
ရတယ်။ဗုဒ္ဓဘာသာဝင်တွေမှာ အိမ်ထောင်ကျမှု၊ လက်ထပ်မှုနဲ့ ပတ် သတ်လို့
ဘာသာခြားလို ဥပဒေမရှိဘူး။ ဒီလိုစည်းမျဉ်းဥပဒေ မရှိတာဟာ မကောင်းဘူး။ ရှိသင့်
တယ်။တန်းတူ ရည်တူပေါ့။ ဒါမှ လူမျိုးနဲ့ ဘာသာ မတိမ်ကောမှာပေါ့။(တက္ကသိုလ်စောဘုန်း ဓမ္မရံသီ)
အမျိုးကိုစောင့်ရှောက်ပေးတဲ့
မျိုးစောင့်ဥပဒေဆိုတာ မြန်မာနိုင်ငံအတွင်းမှာ ရှိကြတဲ့ အခြားဘာသာဝင်တွေရဲ့
လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ဘယ်လိုမှ မထိခိုက်စေဘဲ အမျိုးဘာသာ
မကွယ်မပျောက်အောင် ကာကွယ်ရုံမျှသာဖြစ်ပါတယ်။ ဒါကို အကြမ်းဖက်တယ်၊
အဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်တယ်လို့ ပြောနေ အော်နေသူများဟာ
ဦးနှောက်အဆန်ချောင်သူ၊ စဉ်းစားတွေးခေါ်တတ်တဲ့ အသိဥာဏ်နည်းသူများသာ
ဖြစ်ပါလိမ့်မယ်။ ကိုယ့်အမျိုးကိုမှ ကိုယ်မချစ်ရင်၊ ကိုယ့်အမျိုးကိုမှ
ကိုယ်မစောင့်ရှောက်ရင်၊ ကိုယ့်အမျိုးကိုမှ ကိုယ်တန်ဘိုးမထားရင်၊
ကိုယ့်အမျိုးကိုမှ ကိုယ်သစ္စာမရှိရင် ဘယ်သူကလာပြီး ချစ်ပေးမလဲ၊
ဘယ်သူကလာပြီးစောင့်ရှောက်ပေးမလဲ၊
ဘယ်သူက လာပြီး တန်ဘိုးထားပေးမလဲ၊ ဘယ်သူကလာပြီး သစ္စာရှိပေးမလဲ။
စဉ်းစားစရာကိုမလိုအောင် အဖြေကရှင်းပါတယ်။ ဘယ်သူကမှလာပြီး ချစ်မပေးဘူး။
ဘယ်သူကမှလာပြီး စောင့်ရှောက်မပေးဘူး၊ ဘယ်သူကမှလာပြီး တန်ဘိုးထားမပေးဘူး၊
ဘယ်သူကမှလာပြီး သစ္စာရှိမပေးဘူး။ ဖျက်လို့ဖျက်စီးသဘောမျိုးသာ အားထုတ်ကြမှာပါ။
ဗုဒ္ဓဘာသာဝင်များ
သတိပြုရန်
(ဆောင်) ပါသုံးပါ၊ ချာသုံးချာ၊ ကွာသုံးကွာ အိမ်ထောင်မှု
မပြုရှောင်လေပါ။
(က)ပါသုံးပါ
၁။ကြွေးပါသူ။
၂။ရောဂါပါသူ။
၃။အပိုစားမည့်သူပါသူ။
(ခ)ချာသုံးချာ
၁။ပညာအရည်အချင်း နုံချာသူ။
၂။အကျင့်စာရိတ္တ နုံချာသူ။
၃။အလုပ်အကိုင်နုံချာသူ
(ဂ)ကွာသုံးကွာ
၁။နိုင်ငံနှင့်လူမျိုး ကွာခြားသူ
၂။အယူဝါဒကွာခြားသူ။
၃။စိတ်နေသဘောထား ကွာခြားသူ။
အိမ်ထောင်ရှင်အဖြစ် ရွေးချယ်ကြမည့်
ဗုဒ္ဓဘာသာ မြန်မာ အမျိုးသမီးများ အနေဖြင့် ဤအင်္ဂါ (၉)ရပ်ကို အထူးသတိပြု၍
စဉ်းစားဆင်ခြင် ရှောင်ကြဉ်ရမည်ဖြစ်သည်။( သာဂီနွယ် )
ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာ
ကိုယ့်ထီး ကိုယ့်နန်း၊ ကိုယ့်ကြငှာန်းနဲ့ ကိုယ့်ဘာသာ ကိုယ့်လူမျိုး
ကိုယ့်နိုင်ငံဆိုပြီး နေထိုင်လာခဲ့ကြတာ နှစ်ပေါင်းများစွာတည်းကပါ။
သီတဂူဆရာတော်ဘုရားကြီး မိန့်တော်မူသလို နှစ်ပေါင်း
နှစ်ထောင်ငါးရာကျော်ပါပြီ။ အိမ်ရှင်ပါ။ ဧည့်သည်မဟုတ်ပါဘူး။ ဘာသာ သာသနာ
လူမျိုးဆိုပြီး အခြေအမြစ်ရှိရှိ ရပ်တည်နေခဲ့ကြတာပါ။ ကိုးကွယ်တဲ့ဘာသာဆိုလည်း
အစမ်းသပ်ခံနိုင်တဲ့ ဘာသာ၊ နိုင်ငံဆိုလည်း အလွန်နူးညံ့သိမ့်မွေ့တဲ့
တန်ဘိုးကြီး ဗုဒ္ဓဘာသာနိုင်ငံဖြစ်သလို လူမျိုးဆိုလည်း ကမ္ဘာက
အသိအမှတ်ပြုခြင်းခံထားရတဲ့ လူမျိုးပါ။ ယခုအခါ လူက လူကိုမျိုပြီး
စာရေးသူတို့ ရွှေနိုင်ငံကြီးကို အပြီးအပိုင် သိမ်းပိုက်ဖို့ ၊
ကြိုးစားနေကြတဲ့ လူ့စပါးကြီးတွေရဲ့ အန္တရာယ်ကို ကာကွယ်ဖို့၊ နောက်ပြီး
ကိုယ့်ခြံကို လုံခြုံအောင် ကာကွယ်နိုင်ဖို့အတွက် ဤအမျိုးဘာသာကို
စောင့်ရှောက်နိုင်မယ့် ဥပဒေဟာ မရှိမဖြစ်လိုအပ်လာပြီလို့ ထင်မိပါတယ်။
မြန်မာနိုင်ငံဟာ အခြားနိုင်ငံတွေထက်စာရင် ဘာသာရေးနဲ့ ပတ်သတ်ပြီး
ကိုးကွယ်မှုဆိုင်ရာမှာ လွတ်လပ်မှုအရှိဆုံးနိုင်ငံပဲ ဖြစ်ပါတယ်။ ဘယ်လူမျိုးတော့ ဘယ်ဘာသာကို
မကိုးကွယ်ရဘူးဆိုတာ မရှိပါဘူး။ နိုင်ငံတော်အစိုးရအနေနဲ့ လူမျိုးနဲ့
ဘာသာတွေကို မထိခိုက်ဘူးဆိုရင် ကိုယ်ယုံကြည်ရာ ကိုယ်ကြိုက်နှစ်သက်ရာ တွေကို
လွတ်လပ်စွာ ကိုးကွယ်ခွင့် ပြုထားပါတယ်။
အချို့နိုင်ငံတွေမှာဆိုရင် သူတို့ရဲ့ အမျိုးဘာသာ
သာသနာတည်တံ့ပြန့်ပွားဖို့အတွက်
အမျိုးစောင့်ဥပဒေဆိုပြီး ထုတ်ပြန်ထားတာတွေရှိပါတယ်။ မြန်မာနိုင်ငံမှာတော့
ဘာသာရေးဘက်ကပဲ ကြည့်ကြည့်၊ ဥပဒေဘက်ကပဲ ကြည့်ကြည့် တင်းကျပ်တဲ့
စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေဆိုတာ မရှိသေးပါဘူး။ အဲဒီလို မရှိသေးလို့လည်း
အချို့မြန်မာအမျိုးသမီးစစ်စစ်တွေဟာ
လူမျိုးခြား ဘာသာခြားတွေရဲ့ မယားဘဝရောက်ချင်းမလှ ရောက်သွားကြတာ ဖြစ်ပါတယ်။
ဒီအကြောင်းတွေကြောင့် မြန်မာနိုင်ငံမှာလည်း အမျိုး ဘာသာ သာသနာ
ရေရှည်တည်တံ့နိုင်ဖို့အတွက်
အမျိုး ဘာသာကို စောင့်ရှောက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ မရှိမဖြစ်
လိုအပ်နေပြီလို့ ထင်ပါတယ်။ ဘာလို့လိုအပ်နေပြီးလဲဆိုရင် မြန်မာမိန်းကလေးတွေဟာ အများအားဖြင့်
အမျိုးသားရေးစိတ်ဓာတ်၊ ဘာသာရေးစိတ်ဓာတ်နဲ့ ပတ်သတ်လာရင် သေသေချာချာ ဂဃနဏ
မသိကြလို့ပဲ ဖြစ်ပါတယ်။
မြန်မာအမျိုးသမီးတိုင်းဟာ
အမျိုးသားရေးစိတ်ဓာတ် ဘာသာရေးစိတ်ဓာတ်တွေ ပြည့်ပြည့်ဝဝ ထက်ထက်သန်သန်
ရှိနေကြမယ်ဆိုရင် အလုပ်ရှုပ်ခံပြီး ဘာစည်းမျဉ်း စည်းကမ်းတွေမှ
ထုတ်စရာမလိုသလို၊ စာရေးသူများအနေနဲ့လည်းကောင်း ဟောပြောသူ ဆရာတော်ဘုရားကြီးများအနေနဲ့လည်းကောင်း ရေးစရာ ဟောစရာတောင်မလိုဘဲ
ကြောင့်ကြမဲ့နေပြီး ကိုယ့်တရားနှင့်ကိုယ် နှလုံးသွင်းနေလို့ ရမယ့်အနေထားပါ။
ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်း၊ ဘယ်ဘာသာပဲဖြစ်ဖြစ် လိုအပ်ရင် လိုအပ်သလို
စည်းမျဉ်းစည်းကမ်းဆိုတာ ရှိထားဖို့လိုပါတယ်။ ချမှတ်ထားတဲ့
စည်းမျဉ်းစည်းကမ်းကိုလည်း လိုက်နာဖို့ လိုအပ်ပြန်ပါတယ်။ စည်းမျဉ်း
စည်းကမ်းလည်းမရှိ၊ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းကိုလည်း
လေးစားလိုက်နာမှုမရှိဘူးဆိုရင်
ဝါးများအစည်းပြေသလို လိုရာမရောက် ခရီးမပေါက်ဘဲ ပရမ်းပတာ ဖြစ်သွားတတ်ပါတယ်။
ပုထုဇဉ်တိုင်းဟာ အမှားကင်းတယ်ဆိုတာ မရှိပါဘူး။ အဲဒီအမှားတွေထဲမှာ
ပြုပြင်လို့ရတဲ့ အမှားတွေရှိသလို၊ ပြုပြင်လို့မရတဲ့ အမှားတွေလည်း ရှိပါတယ်။
တချို့က ပြုပြင်လို့ရတဲ့ အမှားတွေကို မှားကြပေမယ့် တချို့ကျပြန်တော့လည်း
တစ်သက်လုံး ဘယ်လိုမှ ပြုပြင်လို့မရနိုင်လောက်တဲ့ အမှားတွေကို မှားကြပါတယ်။ လူပညာရှိ၊
ရဟန်းပညာရှိနဲ့ နိုင်ငံခေါင်းဆောင်များအနေဖြင့် အမျိုး ဘာသာ သာသနာအတွက် ဘယ်တော့မှ
အမှားနောင်တ မရကြလေအောင် စည်းကမ်း စည်းမျဉ်းများနှင့် သတ်မှတ်ပြီး
ကြပ်မတ်ပေးစေချင်ကြောင်း အသိပေးလိုက်ရပါသည်။
ဖိုးပညော(သပိတ်ကျင်း)၏ အမျိုးပျောက်မှာစိုးကြောက်ကြပါ ဆောင်ပါးကို မှီငြမ်း ဖြည့်စွက်ထားပါသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး
လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း
ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
No comments:
Post a Comment