Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Saturday, May 4, 2013

" မြန်မာရက်စွဲ ထိန်းသိမ်းပါ (သို့) လူမျိုးရေး ဘာသာရေး မှတ်စု"

" မြန်မာရက်စွဲ ထိန်းသိမ်းပါ (သို့) လူမျိုးရေး ဘာသာရေး 
မှတ်စု"

******************************************

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူသည်မှ စ၍ အရှင်မဟာကဿပမထေရ်နှင့် 
အဇာတသတ်မင်းတို့ တည်ထားခဲ့သော သာသနာနှစ်(၆၂၄) ရှိသောအခါ၌ သုမုန္ဒရမင်းသည် 
(၆၂၂)ကို ဖြိုပြီး ၂-ခုအကြွင်း တည်ထားခဲ့သည်ဟု မြန်မာရာဇဝင်တို့၌ဆို၏။



ထိုသုမုန္ဒရီနှစ် (၅၆၂) ရောက်သောအခါ “ပုပ္ပါးစော ရဟန်းမင်း”ဟူ၍ လဲခေါ်သော 
သိင်္ဃရာဇ်မင်းသည် (၅၆၀) ကိုဖြို၍ (၂)ခုအကြွင်း ထားခဲ့ပြန်သည်ဟု 
ရာဇဝင်တို့၌ဆို၏။ ယခု ၁၃၇၃ ခုတွင် သုမုန္ဒရီဖြိုနှစ် (၆၂၂) နှင့် 
သိင်္ဃရာဇ်ဖြိုနှစ် (၅၆၀) ကိုပေါင်းထည့်လျှင် အတိတ်သာသနာနှစ် (၂၅၅၅) ဖြစ်၏။ 
သာသနာ နှစ်ကို တွက်ချင်လျှင် သုမုန္ဒရီဖြိုနှစ်(၆၂၂) နှင့် 
သိင်္ဃရာဇ်ဖြိုနှစ်(၅၆၀) ကိုပေါင်း ၁၁၈၂ ဖြစ်၏။ထို(၁၁၈၂) နှင့် 
လက်ရှိမြန်မာသက္ကရာဇ်ကိုပေါင်းပါက သာသနာနှစ်ရမည်ဖြစ်သည်။



သီရိလင်္ကာသို့ သာသနာရောက်ခဲ့သည်မှာ (၂၃၆)ခုနှစ် နယုန်လပြည့်နေ့ဖြစ်သည်။ 
သာသနာထွန်းကားခဲ့ သည်မှာ နှစ်ပေါင်း နှစ်ထောင်သုံးရာကျော်လေပြီ။ ယနေ့ထိ 
ဗုဒ္ဓဘာသာ ထွန်းကားလျက်ရှိသော သီရိလင်္ကာ နိုင်ငံ၌ သီရိလင်္ကာရက်စွဲပျောက်နေသည်။
 ဂဏန်းစာလုံးပါ ပျောက်နေပြီဖြစ်၍ အင်္ဂလိပ်ဂဏန်း စာလုံးကို သာ 
သုံးစွဲရေးသားနေကြရသည်။



နောက် ထေရဝါဒ ထွန်းကားနေသော ထိုင်းနိုင်ငံ၌ ကိုယ်ပိုင်ရက်စွဲရှိ၏။ 
ထိုင်းနိုင်ငံသုံး နှစ်မှာ သာသနာနှစ် ဖြစ်၏။ လများမှာလည်း မုက္ကရာခုမ်၊ 
ကုမ္ဘာစသည့် (၁၂)အမည်များ ရှိနေသည်။ သို့သော် ရက်မှာ လဆန်း ပက္ခ လဆုတ်ပက္ခ 
မထားတော့ဘဲ အင်္ဂလိပ်ရက်အတိုင်း ၁ ရက်မှ ၃၁ ရက် စသည် ဖြစ်နေသည်။



ထိုပြင်သာသနာနှစ်ကို ထိုင်းခုနှစ်အဖြစ် ယူထားသော်လည်း ခုနှစ် 
အသစ်ပြောင်းရာ၌ သာသနာနှစ် ပြောင်းမြဲဖြစ်သည့် ကဆုန်လပြည့်ကျော် ၁ရက်နေ့မှာ 
မပြောင်းဘဲ အင်္ဂလိပ်ခုနှစ် အသစ်ပြောင်းသည့် ဇန်နဝါရီ ၁ ရက်နေ့၌ 
ပြောင်းထားသည်ကို တွေ့ရ၏။



မြန်မာနိုင်ငံ၌ မြန်မာရက်စွဲကိုသာ ပဓာနထားသုံးစွဲ၍ အင်္ဂလိပ်ရက်စွဲကို 
ရုံးသုံးအဖြစ်အနေဖြင့် သုံးစွဲကာ မြန်မာရက်စွဲ မပျောက်ကွယ်ရေး 
ဆောင်ရွတ်သင့်ပေသည်။(ဦးမာနိတာသိရီဘိဝံသ)



ဗုဒ္ဓသာသနာ၏ ရှည်လျားသော နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော် ခရီးစဉ်၌ ဗုဒ္ဓကို 
အကြောင်းပြု၍ သွေးတစ်စက်မျှ မကျခဲ့ဖူးချေ။တန်ခိုးအာဏာ ကြီးမားသော 
ဘုရင်များက ဗုဒ္ဓတရားတော်များကို ဖြန့်ချီရန် အတွက် အစွမ်းထက်သော 
ဓားလက်နက်ကို ကိုင်တွယ် သုံးစွဲခဲ့ခြင်းလည်း မရှိချေ။ အတင်းအကြပ် 
စက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းများကို သုံးစွဲလျက် 
ဘာသာပြောင်းစေခြင်းများကိုလည်း မပြုခဲ့ကြပါ။ မိန်းမသားကို ဖော်ညွှန်းရာ၌ 
မာတုဂါမ ဟူသော ပါဠိဝေါဟာရကို သုံးစွဲခဲ့ပါသည်။ ယင်းဝေါဟာရမှာ “မိခင်မျိုး” 
သို့မဟုတ် “မိခင်”အဖွဲ့အစည်း ဟူ၍ အဓိပ္ပါယ်ရ၏။



ဗုဒ္ဓဝါဒ၌ မိန်းမသားများအား မိခင်တစ်ယောက်အဖြစ်ဖြင့် 
ဂုဏ်သိက္ခာရှိသောနေရာတွင် ထားရှိခဲ့ပါသည်။ ဇနီးမယားဘဝ၌လည်း လင်ယောင်္ကျား၏ 
အကောင်းဆုံးမိတ်ဆွေဟု သတ်မှတ်ထားရှိပါသည်။ ဗုဒ္ဓမြတ်စွာ သည် အမျိုးသမီးများ 
အဖိနှိပ်ခံအဖြစ်မှ ကင်းလွတ်ခွင့်ရရန် ဆောင်ကျဉ်းပေးသကဲ့သို့ ဘဝသံသရာမှ 
လွတ်မြောက်ရေးအတွက်လည်း လမ်းညွှန်ပေးတော်မူခဲ့ပါသည်။ သို့အတွက် 
ဘုရားမြတ်စွာ၏ ကျေးဇူးတော် တို့သည် အမျိုးသမီးများပေါ်၌ 
အနှိုင်းမဲ့ဖြစ်တော်မူပါသည်။



သို့ပါ၍ အနှိုင်းမဲ့ကျေးဇူးရှင်အား ကျေးဇူးပေးဆပ်သောအားဖြင့် 
အမျိုးသမီးများသည် မိမိနှင့် အမျိုး ဘာသာ သာသနာ တူညီသော သူအား 
အိမ်ထောင်ဖက်ရွေးချယ်သင့်၏။ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာ 
ကိုယ့်ပြက္ခဒိန်ကို စောင့်ရှောက်ထိန်းသိမ်းသင့်သည်။မိမိနှင့် အမျိုးဘာသာ 
သာသနာမတူသော ဘာသာခြား အိမ်ထောင်ဖက်ကို ဝေးစွာရှောင်ကြဉ်ရမည်ဖြစ်သည်။ 
မိမိနှင့် ပတ်သတ်သည့် မိသားစု မိတ်ဆွေ အပေါင်းအသင်းများကိုလည်း အမျိုး ဘာသာ
 သာသနာ ပြက္ခဒိန်ကို တန်ဘိုးထားသင့်ကြောင်း အသိပေးရ မည်ဖြစ်သည်။သို့မှသာ 
မွေးဖွားလာမည့် မိမိ၏ သားသမီးများအား စစ်မှန်သော ထေရဝါဒဗုဒ္ဓဘာသာ အသိ 
ဥာဏ်ကို ပေးစွမ်းနိုင်ပါလိမ့်မည်။(အုန်းဇော်(ဓနုဖြူ)



သမုဒယသစ္စာကို ဖော်ထုတ်နိုင်တာဟာ ဗုဒ္ဓဘာသာကို တခြားဘာသာတွေနဲ့ 
မတူအောင်လုပ်ပေးလိုက်တာ ပဲ။အကြောင်းနှင့်အကျိုး ဆက်စပ်ပြီးတော့ 
မြတ်စွာဘုရားက ဟောတာ။သည်လိုဟောနိုင်တာ ဗုဒ္ဓဘာသာမှာ 
ပဲရှိတယ်။တခြားဘာသာမှာမရှိဘူး။(အရှင်သီလာနန္ဒာဘိဝံသ)



ဗုဒ္ဓဘာသာဝင်များ သတိပြုရန်



(ဆောင်) ပါသုံးပါ၊ ချာသုံးချာ၊ ကွာသုံးကွာ အိမ်ထောင်မှု မပြုရှောင်လေပါ။



(က)ပါသုံးပါ



၁။ကြွေးပါသူ။



၂။ရောဂါပါသူ။



၃။အပိုစားမည့်သူပါသူ။



(ခ)ချာသုံးချာ



၁။ပညာအရည်အချင်း နုံချာသူ။



၂။အကျင့်စာရိတ္တ နုံချာသူ။



၃။အလုပ်အကိုင်နုံချာသူ



(ဂ)ကွာသုံးကွာ



၁။နိုင်ငံနှင့်လူမျိုး ကွာခြားသူ



၂။အယူဝါဒကွာခြားသူ။



၃။စိတ်နေသဘောထား ကွာခြားသူ။



အိမ်ထောင်ရှင်အဖြစ် ရွေးချယ်ကြမည့် ဗုဒ္ဓဘာသာ မြန်မာ အမျိုးသမီးများ 
အနေဖြင့် ဤအင်္ဂါ (၉)ရပ်ကို အထူးသတိပြု၍ စဉ်းစားဆင်ခြင် 
ရှောင်ကြဉ်ရမည်ဖြစ်သည်။( သာဂီနွယ် )



အချုပ်အားဖြင့် မိမိ ဘာသာ မိမိသာသနာ မိမိလူမျိုး မိမိတို့၏ ကိုယ်ပိုင် 
ပြက္ခဒိန် တည်တံ့စေဖို့ ဗုဒ္ဓဘာသာ လူမျိုးတိုင်း တာဝန်ရှိကြတာဖြစ်တဲ့အတွက် 
အားလုံးကိုယ်စီကိုယ်ငှ မြတ်စွာဘုရားအဆုံးအမ များကို လိုက်နာ ကျင့်ကြံ 
ဆောင်ရွတ်သင့်တယ်ဆိုတဲ့အကြောင်း အသိပေးရေးသားလိုက်ရပါသည်။



စာဖတ်သူအားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။



အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

                                   ******************************************
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူသည်မှ စ၍ အရှင်မဟာကဿပမထေရ်နှင့် အဇာတသတ်မင်းတို့ တည်ထားခဲ့သော သာသနာနှစ်(၆၂၄) ရှိသောအခါ၌ သုမုန္ဒရမင်းသည် (၆၂၂)ကို ဖြိုပြီး ၂-ခုအကြွင်း တည်ထားခဲ့သည်ဟု မြန်မာရာဇဝင်တို့၌ဆို၏။

ထိုသုမုန္ဒရီနှစ် (၅၆၂) ရောက်သောအခါ “ပုပ္ပါးစော ရဟန်းမင်း”ဟူ၍ လဲခေါ်သော သိင်္ဃရာဇ်မင်းသည် (၅၆၀) က...ိုဖြို၍ (၂)ခုအကြွင်း ထားခဲ့ပြန်သည်ဟု ရာဇဝင်တို့၌ဆို၏။ ယခု ၁၃၇၃ ခုတွင် သုမုန္ဒရီဖြိုနှစ် (၆၂၂) နှင့် သိင်္ဃရာဇ်ဖြိုနှစ် (၅၆၀) ကိုပေါင်းထည့်လျှင် အတိတ်သာသနာနှစ် (၂၅၅၅) ဖြစ်၏။ သာသနာ နှစ်ကို တွက်ချင်လျှင် သုမုန္ဒရီဖြိုနှစ်(၆၂၂) နှင့် သိင်္ဃရာဇ်ဖြိုနှစ်(၅၆၀) ကိုပေါင်း ၁၁၈၂ ဖြစ်၏။ထို(၁၁၈၂) နှင့် လက်ရှိမြန်မာသက္ကရာဇ်ကိုပေါင်းပါက သာသနာနှစ်ရမည်ဖြစ်သည်။

သီရိလင်္ကာသို့ သာသနာရောက်ခဲ့သည်မှာ (၂၃၆)ခုနှစ် နယုန်လပြည့်နေ့ဖြစ်သည်။ သာသနာထွန်းကားခဲ့ သည်မှာ နှစ်ပေါင်း နှစ်ထောင်သုံးရာကျော်လေပြီ။ ယနေ့ထိ ဗုဒ္ဓဘာသာ ထွန်းကားလျက်ရှိသော သီရိလင်္ကာ နိုင်ငံ၌ သီရိလင်္ကာရက်စွဲပျောက်နေသည်။ ဂဏန်းစာလုံးပါ ပျောက်နေပြီဖြစ်၍ အင်္ဂလိပ်ဂဏန်း စာလုံးကို သာ သုံးစွဲရေးသားနေကြရသည်။

နောက် ထေရဝါဒ ထွန်းကားနေသော ထိုင်းနိုင်ငံ၌ ကိုယ်ပိုင်ရက်စွဲရှိ၏။ ထိုင်းနိုင်ငံသုံး နှစ်မှာ သာသနာနှစ် ဖြစ်၏။ လများမှာလည်း မုက္ကရာခုမ်၊ ကုမ္ဘာစသည့် (၁၂)အမည်များ ရှိနေသည်။ သို့သော် ရက်မှာ လဆန်း ပက္ခ လဆုတ်ပက္ခ မထားတော့ဘဲ အင်္ဂလိပ်ရက်အတိုင်း ၁ ရက်မှ ၃၁ ရက် စသည် ဖြစ်နေသည်။

ထိုပြင်သာသနာနှစ်ကို ထိုင်းခုနှစ်အဖြစ် ယူထားသော်လည်း ခုနှစ် အသစ်ပြောင်းရာ၌ သာသနာနှစ် ပြောင်းမြဲဖြစ်သည့် ကဆုန်လပြည့်ကျော် ၁ရက်နေ့မှာ မပြောင်းဘဲ အင်္ဂလိပ်ခုနှစ် အသစ်ပြောင်းသည့် ဇန်နဝါရီ ၁ ရက်နေ့၌ ပြောင်းထားသည်ကို တွေ့ရ၏။

မြန်မာနိုင်ငံ၌ မြန်မာရက်စွဲကိုသာ ပဓာနထားသုံးစွဲ၍ အင်္ဂလိပ်ရက်စွဲကို ရုံးသုံးအဖြစ်အနေဖြင့် သုံးစွဲကာ မြန်မာရက်စွဲ မပျောက်ကွယ်ရေး ဆောင်ရွတ်သင့်ပေသည်။(ဦးမာနိတာသိရီဘိဝံသ)

ဗုဒ္ဓသာသနာ၏ ရှည်လျားသော နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော် ခရီးစဉ်၌ ဗုဒ္ဓကို အကြောင်းပြု၍ သွေးတစ်စက်မျှ မကျခဲ့ဖူးချေ။တန်ခိုးအာဏာ ကြီးမားသော ဘုရင်များက ဗုဒ္ဓတရားတော်များကို ဖြန့်ချီရန် အတွက် အစွမ်းထက်သော ဓားလက်နက်ကို ကိုင်တွယ် သုံးစွဲခဲ့ခြင်းလည်း မရှိချေ။ အတင်းအကြပ် စက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းများကို သုံးစွဲလျက် ဘာသာပြောင်းစေခြင်းများကိုလည်း မပြုခဲ့ကြပါ။ မိန်းမသားကို ဖော်ညွှန်းရာ၌ မာတုဂါမ ဟူသော ပါဠိဝေါဟာရကို သုံးစွဲခဲ့ပါသည်။ ယင်းဝေါဟာရမှာ “မိခင်မျိုး” သို့မဟုတ် “မိခင်”အဖွဲ့အစည်း ဟူ၍ အဓိပ္ပါယ်ရ၏။

ဗုဒ္ဓဝါဒ၌ မိန်းမသားများအား မိခင်တစ်ယောက်အဖြစ်ဖြင့် ဂုဏ်သိက္ခာရှိသောနေရာတွင် ထားရှိခဲ့ပါသည်။ ဇနီးမယားဘဝ၌လည်း လင်ယောင်္ကျား၏ အကောင်းဆုံးမိတ်ဆွေဟု သတ်မှတ်ထားရှိပါသည်။ ဗုဒ္ဓမြတ်စွာ သည် အမျိုးသမီးများ အဖိနှိပ်ခံအဖြစ်မှ ကင်းလွတ်ခွင့်ရရန် ဆောင်ကျဉ်းပေးသကဲ့သို့ ဘဝသံသရာမှ လွတ်မြောက်ရေးအတွက်လည်း လမ်းညွှန်ပေးတော်မူခဲ့ပါသည်။ သို့အတွက် ဘုရားမြတ်စွာ၏ ကျေးဇူးတော် တို့သည် အမျိုးသမီးများပေါ်၌ အနှိုင်းမဲ့ဖြစ်တော်မူပါသည်

သို့ပါ၍ အနှိုင်းမဲ့ကျေးဇူးရှင်အား ကျေးဇူးပေးဆပ်သောအားဖြင့် အမျိုးသမီးများသည် မိမိနှင့် အမျိုး ဘာသာ သာသနာ တူညီသော သူအား အိမ်ထောင်ဖက်ရွေးချယ်သင့်၏။ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာ ကိုယ့်ပြက္ခဒိန်ကို စောင့်ရှောက်ထိန်းသိမ်းသင့်သည်။မိမိနှင့် အမျိုးဘာသာ သာသနာမတူသော ဘာသာခြား အိမ်ထောင်ဖက်ကို ဝေးစွာရှောင်ကြဉ်ရမည်ဖြစ်သည်။ မိမိနှင့် ပတ်သတ်သည့် မိသားစု မိတ်ဆွေ အပေါင်းအသင်းများကိုလည်း အမျိုး ဘာသာ သာသနာ ပြက္ခဒိန်ကို တန်ဘိုးထားသင့်ကြောင်း အသိပေးရ မည်ဖြစ်သည်။သို့မှသာ မွေးဖွားလာမည့် မိမိ၏ သားသမီးများအား စစ်မှန်သော ထေရဝါဒဗုဒ္ဓဘာသာ အသိ ဥာဏ်ကို ပေးစွမ်းနိုင်ပါလိမ့်မည်။(အုန်းဇော်(ဓနုဖြူ)

သမုဒယသစ္စာကို ဖော်ထုတ်နိုင်တာဟာ ဗုဒ္ဓဘာသာကို တခြားဘာသာတွေနဲ့ မတူအောင်လုပ်ပေးလိုက်တာ ပဲ။အကြောင်းနှင့်အကျိုး ဆက်စပ်ပြီးတော့ မြတ်စွာဘုရားက ဟောတာ။သည်လိုဟောနိုင်တာ ဗုဒ္ဓဘာသာမှာ ပဲရှိတယ်။တခြားဘာသာမှာမရှိဘူး။(အရှင်သီလာနန္ဒာဘိဝံသ)

ဗုဒ္ဓဘာသာဝင်များ သတိပြုရန်

(ဆောင်) ပါသုံးပါ၊ ချာသုံးချာ၊ ကွာသုံးကွာ အိမ်ထောင်မှု မပြုရှောင်လေပါ။

(က)ပါသုံးပါ

၁။ကြွေးပါသူ။

၂။ရောဂါပါသူ။

၃။အပိုစားမည့်သူပါသူ။

(ခ)ချာသုံးချာ

၁။ပညာအရည်အချင်း နုံချာသူ။

၂။အကျင့်စာရိတ္တ နုံချာသူ။

၃။အလုပ်အကိုင်နုံချာသူ

(ဂ)ကွာသုံးကွာ

၁။နိုင်ငံနှင့်လူမျိုး ကွာခြားသူ

၂။အယူဝါဒကွာခြားသူ။

၃။စိတ်နေသဘောထား ကွာခြားသူ။

အိမ်ထောင်ရှင်အဖြစ် ရွေးချယ်ကြမည့် ဗုဒ္ဓဘာသာ မြန်မာ အမျိုးသမီးများ အနေဖြင့် ဤအင်္ဂါ (၉)ရပ်ကို အထူးသတိပြု၍ စဉ်းစားဆင်ခြင် ရှောင်ကြဉ်ရမည်ဖြစ်သည်။( သာဂီနွယ် )

အချုပ်အားဖြင့် မိမိ ဘာသာ မိမိသာသနာ မိမိလူမျိုး မိမိတို့၏ ကိုယ်ပိုင် ပြက္ခဒိန် တည်တံ့စေဖို့ ဗုဒ္ဓဘာသာ လူမျိုးတိုင်း တာဝန်ရှိကြတာဖြစ်တဲ့အတွက် အားလုံးကိုယ်စီကိုယ်ငှ မြတ်စွာဘုရားအဆုံးအမ များကို လိုက်နာ ကျင့်ကြံ ဆောင်ရွတ်သင့်တယ်ဆိုတဲ့အကြောင်း အသိပေးရေးသားလိုက်ရပါသည်။

စာဖတ်သူအားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment