
@~~~~~~~~~~~~~~~~~~~~~~~~@
ဒါ တို့တိုင်းတို့ပြည် တို့မြန်မာတွေ
ဒါ တို့တိုင်းတို့ပြည် တို့မြန်မာတွေ
...
မြင့်မြတ်တဲ့ ဂုဏ်ကျက်သရေ ကျုပ်တို့ရဲ့ ရွှေထီးရွှေနန်း တင့်ဆန်းပေ
မြင့်မြတ်တဲံ ဂုဏ်ကျက်သရေ ကျုပ်တို့ရဲ့ ရွှေထီးရွှေနန်း တင့်ဆန်းပေ
အာဇာနည် ဗုဒ္ဓဘာသာ အမျိုးသား တိုင်းပြည်
ရာဇဝင် ရှေးထုံးစဉ်လာ ထွန်း တောက်ခဲ့ပေ
ပိုင်ဆိုင်သူ ဘိုးဘွားဘီဘင် တို့အမွေ တို့ပြည် တို့မြေ ။
ရိုးရာအခြေ မညှိုးပါသလေ
မျိုးသာကီနွယ် ဆင်းသက်ပေ
ဒါ တို့ရွှေထီး ဒါ တို့မြေကြီး
စည်ကြီးခရိုင် ကိုယ်ပိုင် မြန်မာပြည် ။
တက်လူတွေ တက်လူတွေ
လုံ့လဝီရိယ ရှိကြစေ
မျိုးဂုဏ်တက်အောင် ရွက်ဆောင်လေ
တို့တာဝန်မှန်ပေ ။
အာဇာနည် ဗုဒ္ဓဘာသာ အမျိုးသား တိုင်းပြည်
ရာဇဝင် ရှေးထုံးစဉ်လာ ထွန်း တောက်ခဲ့ပေ
ပိုင်ဆိုင်သူ ဘိုးဘွားဘီဘင် တို့အမွေ တို့ပြည် တို့မြေ ။
မျိုးရိုးက တန်ခိုးရှိခဲ့သလေ ထီးနန်းနဲ့ စံမြန်းလာတာတွေ
မျိုးရိုးက တန်ခိုးရှိခဲ့သလေ ထီးနန်းနဲ့ စံမြန်းလာတာတွေ
ကမ္ဘာမိုးမြေ တေဇာတော်ဖြိုးဝေ
မဟာမျိုးတွေ စိတ်အားတက်ကြလေ ။
ကမ္ဘာမိုးမြေ တေဇာတော်ဖြိုးဝေ
မဟာမျိုးတွေ စိတ်အားတက်ကြလေ ။
ရွှေမှန်းကင်းအစစ် ဝင်းဝင်းတောက်ခဲ့ပေ
နောင်လာနောင်သားတွေ သိအပ်ကြတဲ့အခြေ ။
ရွှေမှန်ကင်းအစစ် ဝင်းဝင်းတောက်ခဲ့ပေ
နောင်လာနောင်သားတွေ သိအပ်ကြတဲ့အခြေ ။
မြန်မာချင်း ရိုင်းပင်းစေ
ဘုန်းတန်ခိုး တိုးတက်ကြဖို့ ခေတ်ကောင်းရောက်ပေါ့လေ ။
မျိုးကျက်သရေ တိုးတက်စေ အောင်ကြောင်း မင်္ဂလာအခြေ
တမိုးအောက်မြေ တန်ခိုးတောက်ပေ ခေတ်ကောင်းရောက်ပြီလေ ။
မျိုးကျက်သရေ တိုးတက်စေ အောင်ကြောင်း မင်္ဂလာအခြေ
တမိုးအောက်မြေ တန်ခိုးတောက်ပေ ခေတ်ကောင်းရောက်ပေါ့လေ ။
အောက်ကျမခံဘူး ဟေ့ အမျိုးသားတို့ရေ
အောက်ကျမခံဘူး ဟေ့ အမျိုးသမီးတို့ရေ
မြန်မာအပေါင်း အကြောင်းသိစေ အာဇာနည်တွေ
ရွှေမှန်ကင်း အချင်းတို့ရေ အာဇာနည်တွေ
တိုင်း ပြည်လုံးပဲ နယ်လုံးပဲ ညီညွတ်ကြစေ
မျိုးရိုးက အထက်တန်းစားတွေ ။
ရိုးရာအခြေ မညှိုးပါသလေ
မျိုးသာကီနွယ် ဆင်းသက်ပေ
ဒါ တို့ရွှေထီး ဒါ တို့မြေကြီး
စည်ကြီးခရိုင် ကိုယ်ပိုင် မြန်မာပြည် ။
တက်လူတွေ တက်လူတွေ
လုံ့လဝီရိယ ရှိကြစေ
မျိုးဂုဏ်တက်အောင် ရွက်ဆောင်လေ
တို့တာဝန်မှန်ပေ ။
အာဇာနည် ဗုဒ္ဓဘာသာ အမျိုးသား တိုင်းပြည်
ရာဇဝင် ရှေးထုံးစဉ်လာ ထွန်း တောက်ခဲ့ပေ
ပိုင်ဆိုင်သူ ဘိုးဘွားဘီဘင် တို့အမွေ တို့ပြည် တို့မြေ ။
( ရေး - ရွှေတိုင်ညွန့်၊ ဆို - ဥဩဘသောင်း )
No comments:
Post a Comment