
=====================
အနော်ရထာမင်းကြီး ပြုစုခဲ့သော ထေရ၀ါဒ ဗုဒ္ဓဘာသာမှာ အခြေခိုင်သလောက် ရှိနေပြီးမှ စောလူးမင်းလက်ထက်တွင် အားနည်းသလို ဖြစ်သွားရပြန်သည်။
စောလူးမင်းသည် အရည်အချင်း ချည့်နဲ့သော မင်းတစ်ပါး ဖြစ်သည်။ စွမ်းရည်ရှိသူတို့ကို မချီးမြှောက်တတ်။ မိမိကို အန္တရာယ် ပြုမည့်သူအား နန်းတွင်း၌ ထား၍ မြှောက်စားသည်။ ကျန်စစ်သားကဲ့သို့ သစ္စာစောင့်သိသော လူစွမ်းကောင်းကိုပင...် ပုဂံနေပြည်တော်မှ ပယ်ထုတ်ထား ခဲ့သည်။
ဤအခွင့်ကောင်းကို ယူ၍ ပဲခူးစား ငရမန်က ပုန်ကန်သည်။ ငရမန်သည် စောလူးမင်း မြှောက်စားထားသော မြို့စားတစ်ဦး ဖြစ်သည်။ ငရမန်သည် စစ်အင်အားကို စုစည်းလျက် ပုဂံနေ ပြည်တော်ကို သိမ်းပိုက်ရန် ချီတက်လာလေသည်။
စောလူးမင်းသည် ပဲခူးစား ငရမန်၏ စစ်ဦးကို ကိုယ်တိုင်ချီတက်၍ တိုက်ခိုက်သည်။ ငရမန်၏ စစ်ပရိယာယ်ကို နားမလည်သောကြောင့် စောလူးမင်း အဖမ်းခံရသည်။ ထိုစဉ် ကျန်စစ် သားက သွားရောက် ကယ်တင်သေးသည်။ သို့သော်လည်း ကျန်စစ်သားကို အထင်လွဲသဖြင့် အကယ်မခံခဲ့။ နောက်ဆုံးတွင် စောလူးမင်းသည် ငရမန်၏ လက်ချက်ဖြင့် အသက်သေရလေသည်။
ငရမန်၏ ထိုးစစ်ဆင်လာမှုကြောင့် ပုဂံပြည်သူတို့သည် ကြောက်ရွံ့ထိတ်လန့်နေကြ၏။ စောလူမင်း ကျဆုံး၍ ပုဂံတပ်ကြီး ပျက်သောအခါ မြို့တော်နေ ပြည်သူများနှင့် ရဟန်းသံဃာတို့ သည် မြို့တော်နှင့် ဝေးရာသို့ ပြေးရှောင်ကုန်ကြသည်။ ပုဂံပြည်၌ ရုတ်တရက် လူဦးရေ လျော့ပါး သွားပြီး စည်ဝေစ ရဟန်းသံဃာများလည်း ပါးရှားသွားတော့သည်။
နောက်ပိုင်းတွင် ကျန်စစ်သား ဦးဆောင်၍ ငရမန်၏ ပုန်ကန်မှုကြီးကို နှိုမ်နင်းနိုင်ခဲ့ သည်။ ကျန်စစ်သား အောင်နိုင်သဖြင့် ပုဂံပြည်သူတို့က ကျန်စစ်သားအား ပုဂံထီးနန်းကို အုပ်ချုပ် ရန် လွှဲအပ်ကြသည်။ ကျန်စစ်သားသည် မမျှော်လင့်ဘဲ မင်းဖြစ်လာရသည်။
ကျန်စစ်သားမင်းသည် ပုဂံပြည်ကို ပြန်လည် စည်ပွားအောင် ဆောင်ရွက်ရသည်။ ပြေးရှောင်နေသော ပုဂံပြည်သူတို့ကို ပြန်၍ ခေါ်ဆောင်ရသည်။ ရဟန်းတော်တို့ကို ပြန်၍ ပင့် ဆောင်ရသည်။ ဤသို့ ပြန်လည် စည်းရုံးနိုင်သဖြင့် ပုဂံပြည် ဗုဒ္ဓသာသနာလည်း ဆက်လက် ဖွံ့ ဖြိုးလာခဲ့လေသည်။
ထို့နောက် ပုဂံခေတ်တစ်လျှောက် အုပ်စိုးသွားကြသော မင်းတို့သည် ထေရ၀ါဒ ဗုဒ္ဓ ဘာသာကိုပင် ဆက်လက် ကိုးကွယ်ခဲ့ကြသည်။ အားပေးချီးမြှောက်ခဲ့ကြသည်။ မြန်မာမင်းစဉ် တစ်လျှောက်လုံးတွင် ဗုဒ္ဓဘာသာကို အလေးမထားဘဲ မလေးမစား လုပ်သော မင်းဟူ၍ အလွန် နည်းပါးလှသည်။
ပုဂံခေတ် နရသူမင်းသည် ရဟန်းတော်တို့ကို အနှောင့်အယှက် ပေးခဲ့ဖူးသည်။ အင်းဝခေတ်တွင် ဗုဒ္ဓဘာသာကို မယုံကြည်သောကြောင့် ရဟန်းတော်တို့ကို သတ်ဖြတ်သော သိုဟန်ဘွားကဲ့သို့ မင်းတစ်ဦးကိုလည်း တွေ့ရသည်။ သိုဟန်ဘွားသည် ဗုဒ္ဓဘာသာဝင် မဟုတ်သောကြောင့် သာသနာ့ဝန်ထမ်းတို့ကို နှိပ်စက်ခဲ့ခြင်း ဖြစ်သည်။
စောစောပိုင်းက ဗုဒ္ဓဘာသာဝင် ဖြစ်ပါလျက် နောက်ပိုင်းတွင် မိမိဘာသာကို သစ္စာ ဖောက်ကာ အခြားဘာသာသို့ ကူးပြောင်းသွားသော မင်းတစ်ပါးကိုလည်း ရှားရှားပါးပါး တွေ့ရသည်။ ထိုမင်းကား ရတုဘုရင်ဟု ခေါ်တွင်နေကြသော တောင်ငူဘုရင် နတ်ရှင်နောင် ဖြစ်ပေသည်။
မြန်မာသမိုင်းစဉ် ရာဇ၀င်တစ်လျှောက်တွင် ဗုဒ္ဓဘာသာကို အမည်းကွက်ထင်အောင် ပြုလုပ်ခဲ့သူတို့မှာ ထိုမင်း ၃-ဦးသာလျှင် ရှိလေသည်။
No comments:
Post a Comment